(၆) မြန်မာနိုင်ငံသားများ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန် လမ်းညွှန်ချက်များ
- (၆-၁) မြန်မာနိုင်ငံသားများ ဝင်ငွေခွန်ထမ်းဆောင်ခြင်းနှင့် ညွှန်ကြားချက်များ
မြန်မာနိုင်ငံသားများ ဝင်ငွေခွန်ထမ်းဆောင်ခြင်း
- ပြည်ပ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးသည် ဝင်ငွေလစာ၏ ၁၀% အား ဝင်ငွေခွန်အဖြစ် ထမ်းဆောင်ရပါမည်။
- အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့၊ မြန်မာသံရုံး၏ ကောင်စစ်နယ်မြေဒေသအတွင်း ဝင်ငွေခွန်စည်းကြပ်မည့် အနိမ့်ဆုံး အခြေခံလစားအား US $ 600 သတ်မှတ်ထားပြီး တစ်လလျှင် US $ 600 ဖြင့် ၂၀၁၁ခုနှစ်၊ ဇူလိုင်လအထိ ကောက်ခံလျက်ရှိပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ၁၅၇/၂၀၁၁ အမိန့်ကြော်ငြာစာအရ ၂၀၁၁ခုနှစ်၊ သြဂုတ်လမှ ဒီဇင်ဘာလအထိအား ၂% ဖြင့် တစ်လလျှင် US $ 14 ကောက်ခံမည့် ဖြစ်ပါသည်။
- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ (၂၁-၁၂-၂၀၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၅၇/၂၀၁၁) အရ ပြည်ပနေ နိုင်ငံသားများက နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာခေါင်းစဉ်အောက်ရှိ ဝင်ငွေစုစုပေါင်းအပေါ် ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်ကို ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ(ခ) အရ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့မှစ၍ ကင်းလွတ်ခွင့်ပြုလိုက်ပြီး ဖြစ်ပါသည်။
- ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန်ထမ်းဆောင်ပြီးသူများသာ အထက်ဖော်ပြပါ ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပါသဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအထိ မပျက်မကွက်ပေးဆောင်ရန် လိုအပ်ပါသည်။
ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုသည့် အမျိုးအစားများ
- အသက်(၅၉)နှစ်အထိ မြန်မာသံရုံး၊ ဝါရှင်တန်သို့ (၃၁-၁၂-၂၀၁၁) အထိ ဝင်ငွေခွန်ထမ်းဆောင်သော ပုဂ္ဂိုလ်များ၊ မြန်မာသံရုံး၊ ဝါရှင်တန်သို့ (၃၁-၁၂-၂၀၁၁) အထိ ဝင်ငွေခွန်ထမ်းဆောင်သော သားသမီးများအား မှီခိုထားသော အသက် (၆၀)နှင့်အထက် မိဘများ၊ နိုင်ငံခြားသား သားသမီးများအား မှီခိုနေသော အသက် (၆၀) နှင့်အထက် မိဘများ။
- မြန်မာသံရုံး၊ ဝါရှင်တန်သို့ ဝင်ငွေခွန် (၃၁-၁၂-၂၀၁၁) အထိ ဝင်ငွေခွန်ထမ်းဆောင်သော မိဘများ (သို့မဟုတ်) နိုင်ငံခြားသား မိဘများအား မှီခိုနေသော သားသမီးများမှ လျှောက်ထားရာတွင် ယောင်္ကျားလေးသည် အသက်(၂၀) နှစ်အောက်နှင့် မိန်းကလေးသည် အသက် (၂၅)နှစ်အောက်သာ လျှောက်ထားခွင့်ပြုမည်ဖြစ်သည်။
- အထက်တန်းကျောင်း၊ တက္ကသိုလ်၊ ကောလိပ်တွင် အချိန်ပြည့် တက်ရောက်နေသော ကျောင်းသားများမှ ကျောင်းချိန်ပြည့် တက်ရောက်နေကြောင်း ကျောင်းသားထောက်ခံစာ (မူရင်း)၊ ကျောင်းသားကဒ် မိတ္တူ၊ I-20 (ရှိပါက) ၎င်းတို့နှင့်အတူ ပူးတွဲတင်ပြ လျှောက်ထားရပါမည်။
- အမျိုးသမီးများမှ မြန်မာသံရုံး၊ ဝါရှင်တန်သို့ ဝင်ငွေခွန် (၃၁-၁၂-၂၀၁၁) အထိ ထမ်းဆောင်ထားသော ခင်ပွန်းအား မှီခို၍လည်းကောင်း၊ နိုင်ငံခြားသားခင်ပွန်းအားမှီခို၍ အပြန်လေယာဉ်စရိတ် US $800 ပေးသွင်းထား၍လည်းကောင်း သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများဖြင့် တင်ပြလျှောက်ထားနိုင်ပါသည်။
- မြန်မာနိုင်ငံသို့ ခေတ္တပြန်သောကာလနှင့် အလုပ်အကိုင်မရှိကြောင်း ခိုင်လုံသော အထောက်အထားများ တင်ပြသူများ၊
- အထက်ဖော်ပြပါ အချက်များနှင့် မညီညွတ်သူများသည် (၃၁-၁၂-၂၀၁၁) အထိ ဝင်ငွေခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။