(၁-၄) နိုင်ငံကူးလက်မှတ်အမျိုးအစားပြောင်းလဲခြင်းနှင့် အမည်ဖြည့်စွက်ခြင်းများ အတွက် လျှောက်ထားခြင်း

နိုင်ငံကူးလက်မှတ်အမျိုးအစားပြောင်းလဲခြင်းနှင့် အမည်ဖြည့်စွက်ခြင်းများအတွက လျှောက်ထားနိုင်ပါသည်။ အမည်ဖြည့်စွက်ခြင်းကိစ္စရပ်အား သံရုံးမှ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ ဆက်လက်ရည်ညွှန်း ပေးပို့၍ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပါ၍ ကြိုတင်လျှောက်ထားရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးမှသာ ဆောင်ရွက်ပေးနိုင်ပါသည်။ (က) နိုင်ငံကူးလက်မှတ်အမျိုးအစား ပြောင်းလဲခွင့် လျှောက်ထားခြင်း PPT-Type-Change (ခ) နိုင်ငံကူးလက်မှတ်တွင် အမည် ဖြည့်စွက်ခြင်း ဤနေရာတွင် ညွှန်ကြားချက်နှင့် လျှောက်လွှာပုံစံ ရယူပါရန်

(၁-၃) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးရန် လျှောက်ထားခြင်း

ရေမျောဒုက္ခသည်များ၊ ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခြင်းခံရသူများနှင့် မြန်မာနိုင်ငံသို့ အပြီးပြန်လိုသော မြန်မာနိုင်ငံကူးလက်မှတ်မရှိသည့် မြန်မာနိုင်ငံသားများသည် တစ်ကြိမ်တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) လျှောက်ထားနိုင်ပါသည်။ နိုင်ငံခြားသားမိဘတစ်ဦးနှင့် မွေးဖွားလာသည့် ကလေးများအတွက် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) လျှောက်ထားနိုင်ပါသည်။ အထက်ဖော်ပြပါ လျှောက်ထားသည့်ကိစ္စများကို သံရုံးမှ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ ဆက်လက် ရည်ညွှန်း ပေးပို့၍ ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ပါ၍ ကြိုတင် လျှောက်ထားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ ခွင့်ပြုချက် ရရှိမှသာ နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးမည် ဖြစ်ပါသည်။ (က) နိုင်ငံကူးလက်မှတ်မရှိ၍ မြန်မာနိုင်ငံသို့ အပြီးပြန်လိုသော မြန်မာနိုင်ငံသားများ […]

(၁-၂) နိုင်ငံကူးလက်မှတ်အသစ်ထုတ်ပေးရန် လျှောက်ထားခြင်း

မြန်မာနိုင်ငံသားများ၏ မြန်မာနိုင်ငံကူးလက်မှတ်များ ပျောက်ဆုံးခြင်းအတွက် လည်းကောင်း၊ မြန်မာနိုင်ငံသားမိဘနှစ်ဦးမှ မွေးဖွားလာသည့် ကလေးအတွက် လည်းကောင်း နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားနိုင်ပါသည်။ အသစ်ထုတ် ပေးသည့် နိုင်ငံကူးလက်မှတ်၏ သက်တမ်းမှာ (၅)နှစ်ဖြစ်ပါသည်။ အထက်ဖော်ပြပါ လျှောက်ထားသည့်ကိစ္စများကို သံရုံးမှ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ ဆက်လက် ရည်ညွှန်း ပေးပို့၍ ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ပါ၍ ကြိုတင် လျှောက်ထားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ ခွင့်ပြုချက် ရရှိမှသာ နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးမည် ဖြစ်ပါသည်။ (က) နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်းအတွက် အသစ်လျှောက်ထားခြင်း New-Ppt-Application-for-lost Related advisory from Ministry of Foreign Affairs (August 2015) (ခ) မြန်မာနိုင်ငံသားမိဘနှစ်ဦးမှ မွေးဖွားလာသည့် ကလေးအတွက် အတွက် […]

(၁-၁) နိုင်ငံကူးလက်မှတ် သက်တမ်းတိုးအသစ်ထုတ်ရန် လျှောက်ထားခြင်း

မြန်မာနိုင်ငံသားများ၏ မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ခြင်းအတွက် သက်တမ်းတိုး၍ နိုင်ငံကူးလက်မှတ်အသစ်များ ပြန်လည်ထုတ်ပေးပါသည်။ အသစ်ထုတ် ပေးသည့် နိုင်ငံကူးလက်မှတ်၏ သက်တမ်းမှာ (၅)နှစ်ဖြစ်ပါသည်။ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးခြင်းအတွက် သက်တမ်း မကုန်မီ (၆)လအလိုတွင် ကြိုတင် လျှောက်ထားရန် လိုအပ်ပါသည်။ (က) အလုပ်လုပ်ကိုင်သူများ လျှောက်ထားရန် Job-Passport-Renewal-Form ဝင်‌ငွေခွန်ထမ်းဆောင်မည့် အခွန်ထမ်းဖြည့်စွက်ရန်ပုံစံ သာမန်မြန်မာနိုင်ငံကူးလက်မှတ် Passport for Job (PJ) အမျိုးအစား ကိုင်ဆောင်သူများ OWIC ကတ်ပြား ကိုင်ဆောင်ရန်ကိစ္စ   (ခ) အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသားအား မှီခိုသူ မိသားစုဝင်များ လျှောက်ထားရန် Myan-Dependent-Passport-Renewal-Form (ဂ) နိုင်ငံခြားသားခင်ပွန်း၏ မှီခိုသူအဖြစ် လျှောက်ထားရန် Foreign-Husband-Dependent-Renewal-Form (ဃ) နိုင်ငံခြားသားအား မှီခိုသူ သားသမီးနှင့် မိဘများ လျှောက်ထားရန် Foreign-Dependent-Passport-Renewal-Form (င) […]

Citizen Services

မြန်မာနိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ (၁) မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်နှင့် အခြားကိစ္စရပ်များအတွက် လျှောက်ထားခြင်း (၂) မြန်မာနိုင်ငံသားများ ဝင်ငွေခွန်ထမ်းဆောင်ခြင်းနှင့် ညွှန်ကြားချက်များ (၃) ကောင်စစ်နယ်မြေသတ်မှတ်ခြင်း (၄) မြန်မာနိုင်ငံသားများ အမေရိကန်နိုင်ငံသို့ရောက်ရှိကြောင်း သတင်းပေးပို့ခြင်း